တိုက်ပွဲဆင်နွှဲ၍ ပြန်လာသည့် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်း တပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူလူထုမှ ဂုဏ်ပြုကြိုဆို

တိုက်ပွဲဆင်နွှဲ၍ ပြန်လာသည့် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်း တပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူလူထုမှ ဂုဏ်ပြုကြိုဆို

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ထီးတော်တင်ရွာရှိ စစ်ကောင်စီကာကင်းစခန်းအား တိုက်ခိုက်ဆင်နွှဲ၍ ပြန်လာသည့် ကျောင်းသားလက်ရုံးတပ်တော် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းမဟာမိတ်စစ်ကြောင်းအား ဒေသခံပြည်သူများမှ ဂုဏ်ပြုကြိုဆိုကြကြောင်း Student Armed Force-ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်သည်။

တိုင်းစစ်ဌာနချုပ်ကာကင်းစခန်းအား ၂၀၂၄ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နာရီဝက်အတွင်း အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂၀) ဦးခန့်သေဆုံးပြီး စစ်သုံ့ပန်း (၅)ဦး လက်ရဖမ်းဆီးနိုင်ခဲ့ကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော် နှင့်အတူ ULF၊  ယင်းမာပင်မြို့နယ် တိုက်နယ် (၁၊၉၊၁၀)ပကဖများမှ ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter၊ CTLPDF၊ ထန်းတပင်၊ K2၊ ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ်၊ ယင်းမာပင်ခရိုင် ဗျူဟာအမှတ် ၄၅ KLG PDF၊B 21(ယင်းမာပင်ခရိုင်တပ်ရင်း ၁၇)၊ PDA (ယင်းမာပင်ခရိုင်တပ်ရင်း ၃၅)၊ AS Generation (မုံရွာခရိုင်တပ်ရင်း ၁၃)၊ ချင်းတွင်း Brother(Local)၊ ကနီမြို့နယ် တိုက်နယ် (၅) ပကဖ၊ ဘုတလင် Mobile Team၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့တို့မှ ပူးတွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားတပ်တော်သည် စစ်ကိုင်းတိုင်းရှိ ၎င်းတို့အခြေစိုက်ရာဒေသများတွင်လည်း ရွေ့​လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ ဆေးခန်းဖွင့်လှစ်ကုသခြင်းများလုပ်ဆောင်နေပြီး ၂၀၂၄ ခုနှစ်အတွင်း ကျေးရွာပေါင်း (၂၀)မှ ပြည်သူများအား ဆေးဝါးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency

Photo: Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်