လောင်းလုံးမြို့နယ် ပကဖ က ၂၀၂၄ခုနှစ်အတွင်း ပြည်သူငါးထောင်ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပကဖ က ၂၀၂၄ခုနှစ်အတွင်း ပြည်သူငါးထောင်ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပကဖ ဆေးဘက်ဆိုင်ရာအဖွဲ့မှ ၂၀၂၄ခုနှစ်အတွင်း မြို့နယ်အတွင်းရှိ ပြည်သူငါးထောင်ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးကြောင်း ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ တစ်နှစ်တာအတွင်း လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူ (၅၄၆၄)ဦးနှင့် တပ်ဖွဲ့ဝင် (၁၉၈၉)ဦး စုစုပေါင်း (၇၄၅၃)ဦးအား လောင်းလုံးမြို့နယ် ပကဖ ဆေးဘက်ဆိုင်ရာအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း တစ်နှစ်တာအတွင်း ပြည်သူများနှင့် တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ပံ့မှု ၊ ပြည်တွင်းပြည်ပ ထောက်ပို့တပ်ဖွဲ့ဝင်များ၏ ထောက်ပံ့မှုများနှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပကဖ က ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး ၂၀၂၃ ခုနှစ် ဧပြီလအထိ (၂)နှစ်တာကာလအတွင်း ကျန်းမာရေးအဆောက်အအုံများ တည်ဆောက်ခြင်း ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ခြင်းအပါအ၀င် ကျန်းမာရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ သိန်း (၂၀) အသုံးပြုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:LLPDF