ရန်ကုန်-မော်လမြိုင်လမ်းရှိ တောင်ကလေးအနီး လမ်းပိုင်း၌ တံတားမိုင်းကွဲ

ရန်ကုန်-မော်လမြိုင်လမ်းရှိ တောင်ကလေးအနီး လမ်းပိုင်း၌ တံတားမိုင်းကွဲ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် လမ်းပိုင်း တောင်ကလေးရွာအနီးရှိ မစောတံတား ၂၀၂၄ ခုနှစ် မေလ (၂၃)ရက်နေ့ နံနက်အစောပိုင်းက မိုင်းခွဲခံရသည်။

အဆိုတံတား  ကျိုးကျစဉ် ဆိုင်ကယ် (၃)စီးနှင့် လူ (၄)ဦးကျသွားသည့်အနက် (၁)ဦးသေဆုံးသွားကြောင်း သိရသည်။ 

တံတားမှာ မည်သည့်ယာဉ်မှ ဖြတ်သန်းမရသဖြင့် ရန်ကုန်-မော်လမြိုင်လမ်းသစ်မှ မော်တော်ယာဉ်များကို ဘီးလင်းတိုးဂိတ်အဟောင်းမှ ယာယီလမ်းပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency

Photo: CJ