စစ်ခေါင်းဆောင်ပုံများကို ချိတ်ဆွဲကာ ပခုက္ကူ PDF သေနတ်ပစ်လေ့ကျင့်

စစ်ခေါင်းဆောင်ပုံများကို ချိတ်ဆွဲကာ ပခုက္ကူ PDF သေနတ်ပစ်လေ့ကျင့်

မကွေးတိုင်း ပခုက္ကူခရိုင် အမှတ်(၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် စစ်ခေါင်းဆောင်များ၏ ပုံကိုချိတ်ဆွဲကာ သေနတ်ပစ်လေ့ကျင့်ကြောင်း သိရသည်။

တပ်ရင်းအတွင်းရှိ တိုက်ပွဲဝင်အတွေ့အကြုံမရှိသေးသော ရဲဘော်၊ ရဲမေများအား ပေးအပ်ထားသော လက်နက်ကို ကျွမ်းကျင်စွာကိုင်ဆောင်ပြီး မည်သည့်အချိန်အခါတွင်မဆို ရန်သူကို ထိမှန်အောင်ပစ်ခတ်နိုင်ရန်နှင့် သတ်မှတ်ထားသောအကွာအဝေးတွင် ယုံကြည်မှုရှိရှိ ပစ်ခတ်နိုင်ရန်အတွက် ၂၀၂၄ခုနှစ် ဇွန်လ(၅)ရက်နေ့က လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ရာတွင် မီတာ(၁၀၀)နှင့် (၁၅၀)အကွာအဝေးတို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ပုံကိုချိတ်ဆွဲကာ ချိန်ရွယ်ပစ်ခတ်နည်းပုံစံ မှန်မှန်ဖြင့် ပစ်ခတ်လေ့ကျင့်ခဲ့သည်ဟု သိရသည်။

 

ထိုသို့ ပစ်ခတ်ရာတွင် ပစ်မှတ်မှန်ကန်မှုအလိုက် ရမှတ်သတ်မှတ်ပေးထားပြီး ထိမှန်အောင်ပစ်ခတ်နိုင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ပစ်မှတ်လွဲချော်သူများအား ပြစ်ဒဏ်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်တပ်ရင်း ၃