တပ်သားသစ် စုဆောင်းခံရသူ (၆)ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

တပ်သားသစ် စုဆောင်းခံရသူ (၆)ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

ပြည်သူကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသခွဲ အမှတ်(၃) ဗျူဟာ(၃၃) ဒေါနတပ်ရင်းနယ်မြေကို စစ်ကောင်စီဘက်မှ တပ်သား(၆)ဦး အလင်းဝင်လာကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။ 

အလင်းဝင်တပ်သား (၆)ဦးတွင် တစ်ဦးသည် MA-1 တစ်လက်၊ ကျည်ဘောက်(၃)ခု၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် ပါလာကြောင်း သိရသည်။

ဒေါတပ်ရင်းထံ အလင်းဝင်ရောက်သောတပ်သားများမှာ ဝေဖြိုး၊ ဖြိုးမင်းအောင်၊ ကရင်လေး၊ ရဲမင်းမောင်၊ သန်းတိုးအောင်နှင့် ဖြူဖွေးတို့ဖြစ်ပြီး ၎င်းတို့သည် စစ်မှုထမ်း အပတ်စဥ် (၁)မှ ဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်များကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Photo: Daw Na Column-P29902