ရေဦးမြို့ ဂါဝီဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

ရေဦးမြို့ ဂါဝီဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် ဂါဝီဂိတ်စခန်းအား ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ဒရုန်းတပ်စုမှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ကြောင်း ရေဦး PDF မှ ၂၀၂၄ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေဦးမြို့ ဂါဝီဂိတ်စခန်းအား ဇွန်လ (၈) ရက်နေ့ ညနေ ခြောက်နာရီခွဲခန့်တွင် Fixed Wing Drone (၂)စီးဖြင့် ဗုံးသီး (၃) လုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှု အသေးစိတ်ကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း ရေဦး PDF မှ သတင်းထုတ်ပြန်သည်။

ယခုတိုက်ခိုက်မှုသည် ရေဦး PDF အဖွဲ့၏ ဇွန်လအတွင်း သုံးကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ (၅) ရက်နေ့ကလည်း ရေဦးခရိုင် ၊ ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် ရဲစခန်းနှင့် စာရင်းစစ်ရုံးတို့အား ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်း ရေဦး PDF မှ Fixed Wing Drone များဖြင့် ဗုံးသီး (၆) လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF