တော်လှန်ရေးအင်အားစုအချင်းချင်းကြား နားလည်မှုမလွဲမှားရန် ဝန်ကြီးများဦးဆောင်၍ တွေ့ဆုံဆွေးနွေးကြရန် ဝန်ကြီးချုပ်တိုက်တွန်း

တော်လှန်ရေးအင်အားစုအချင်းချင်းကြား နားလည်မှုမလွဲမှားရန် ဝန်ကြီးများဦးဆောင်၍ တွေ့ဆုံဆွေးနွေးကြရန် ဝန်ကြီးချုပ်တိုက်တွန်း

တော်လှန်ရေးအင်အားစုအချင်းချင်းကြား နားလည်မှုမလွဲမှားရန် ဝန်ကြီးများဦးဆောင်ကာ တွေ့ဆုံဆွေးနွေးကြရန် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၄)ကို ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၃)ရက်နေ့တွင် ပြုလုပ်ရာ ဝန်ကြီးချုပ်က ယင်းသို့တိုက်တွန်းပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

"တော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ နားလည်မှုတွေမလွဲမှားဖို့ အရေးကြီးပြီး လိုအပ်ရင်လိုအပ်သလို တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် ပြဿနာတွေက ပြေလည်သွားနိုင်တာဖြစ်တာကြောင့် ဝန်ကြီးများကိုယ်တိုင်ဦးဆောင်ပြီး တွေ့ဆုံမှုတွေလုပ်သွားဖို့ တိုက်တွန်းလိုပါကြောင်း။"ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် တော်လှန်ရေး၏ အရှိန်အဟုန်ကို ပိုမိုကောင်းမွန်သည့် အနေအထားရောက်အောင် တွန်းအားပေးနိုင်မည့် ကဏ္ဍတစ်ခုအဖြစ် အုပ်ချုပ်ရေးတည်ဆောက်မှုကို ကောင်းစွာစီမံကြရန် တိုက်တွန်းကာ ဘာပဲလုပ်လုပ် ပြည်သူတွေကို မျက်နှာမူဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency