ကန့်ဘလူမြို့နယ် မလယ်ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ၇ ကြိမ်ထက်မနည်း ဗုံးကြဲ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလယ်ရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မေလ (၇)ရက်နေ့တွင် လေကြောင်းမှ (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ယနေ့နံနက်ပိုင်းကစတင်ပြီး မလယ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ပစ်ခတ်မှုက တစ်ရက်လုံးပဲ။ အခုထိမပြီးသေးဘူး။ ရွာထဲမှာလည်း မီးလောင်နေတယ်။ အ‌ခြေအနေ အသေးစိတ်ကို မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ၏ သပိတ်ကျင်းမြို့နယ် တတက(၁၃)တပ်မှ လက်နက်ကြီးပစ်ကူပေးနေကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ကန့်ဘလူမြို့နယ်သည် သင်္ကန်းဝတ် ၅၀၅ ဆရာတော်ဟု လူသိများသည့် ဦးဝါသဝ၏ ပြည်သူ့စစ်များ စစ်ရာဇတ်မှုကျူးလွန်ရာ ဒေသဖြစ်သည်။

#TachileikNewsAgency

Video : Thabeikkyin Revolution - TR