နိုဝင်ဘာ 8, 2024 | အခြားဒေသများ
မလေးရှားနိုင်ငံ ဆွန်ကိုင်းဗလူး(Sungai Buloh)မြို့ရှိ မြန်မာအများစု အလုပ်လုပ်ကိုင်နေသည့်စက်ရုံ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် မီးဖိုချောင်မှ စတင်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
“မနက်အစော ဟင်းချက်နေရာကစပြီး မီးလောင်တာ။ စက်ရုံကတော့ ပလပ်စတစ်ကော အထပ်သားတွေကိုတော့ မျိုးစုံထုတ်လုပ်တယ်။ လူထိခိုက်တာမရှိဘူး။ မြန်မာလုပ်သားတွေလည်း အလုပ်လက်မဲ့ မဖြစ်သွားဘူး။ မလေးရှားအစိုးရ အကုန်ပြန်ပေးတယ်လို့ သိရတယ်။”ဟု မြန်မာလုပ်သားတစ်ဦးက Tachileik News Agency ကိုပြောသည်။
မီးလောင်မှုကြောင့် စက်ရုံအနောက်ခြမ်းတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားသည်ဟုလည်း သိရသည်။
#TachileikNewsAgency
Video : CJ