မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Sintkaing Revolution Force-SRFထံမှ သိရသည်။

မြင်းမူမြို့နယ် ဂွေးပင်တောအနီးတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်အား ယင်းနေ့ နေ့လယ်ပိုင်းတွင် ဒရုန်း(၃)စီးဖြင့် ဗုံး(၈)လုံးချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး(၄)လုံးမှာ ပစ်မှတ်ထိမှန် ပေါက်ကွဲခဲ့သည်ဟု သိရသည်။ 

ထို့အပြင် မြောင်မြို့နယ် ကျောက်ရစ်စခန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်အား ညပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး(၃)လုံးချ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို Sintkaing Revolution Force-SRF၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၏ 001 Drone Team၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၂၊မြောင်မြို့နယ် ပလဖ၊ မြင်းမူမြို့နယ် ပကဖ၊ ဆင်ရိုင်းစစ်ကြောင်း မြောင်၊ စဥ့်ကိုင် ပကဖနှင့် Wind  Bird အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency