မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲရာ သားအမိ (၂)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ  

မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲရာ သားအမိ (၂)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ  

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း တိုက်နယ်(၃)ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ သားအမိနှစ်ဦး သေဆုံးပြီး ကလေးများအပါအဝင် (၄)ဦး ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၅)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးကြဲခံခဲ့ရခြင်းကြောင့် CDM ကျောင်းဆရာတစ်ဦး၊ အသက်(၇)နှစ်နှင့် (၁၀)နှစ်အရွယ် ကလေးနှစ်ဦး၊ အသက်(၇၀)နှစ်အရွယ် လူကြီးတစ်ဦးတို့ ဒဏ်ရာရပြီး အသက်(၆)နှစ်နှင့် (၄၀)နှစ်အရွယ် သားအမိနှစ်ဦးတို့ သေဆုံးသွားကြောင်း သိရသည်။

"အသွားတစ်ကြိမ်၊ အပြန်တစ်ကြိမ် ဗုံးကြဲသွားတာ။ နေအိမ်မီးလောင်ပြီး အိမ်ထဲမှာရှိတဲ့ သားအမိနှစ်ယောက်လုံး သေဆုံးသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် နေအိမ်တစ်လုံး မီးလောင်ပျက်စီးကာ ဘုရားကျောင်းနှင့် စာသင်ကျောင်း၊ အဆောက်အဦးများလည်း ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency