ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်စခန်းများနှင့် ရုံးများကို တိုက်ခိုက်ခဲ့ကြောင်း S.O.F တပ်ဖွဲ့ထုတ်ပြန်

ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်စခန်းများနှင့် ရုံးများကို တိုက်ခိုက်ခဲ့ကြောင်း S.O.F တပ်ဖွဲ့ထုတ်ပြန်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ ၂၈၄ နှင့် စစ်ကောင်စီတပ်များ တပ်စွဲထားသည့်ရုံးများကို ၂၀၂၃ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါနေရာများကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ

ရဲစခန်းနှင့် ရုံးများပျက်စီးသွားပြီး စစ်ကောင်စီတပ်သားနှင့် ရဲ(၁၀)ဦး ဝန်းကျင်သေဆုံးကာ အများအပြားဒဏ်ရာရပြီး S.O.F ရဲဘော်နှစ်ဦးခြေတောက်ဒဏ်ရာနှင့် တစ်ဦး ရင်ဘက်မိုင်းစထိမှန် စိုးရိမ်ရဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး (၁၂၀)မမ၊ ရဟတ်ယာဥ်များ ဖြင့်မြို့ပေါ်နေရာအနှံ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ ဘာသာရေးအဆောက်အဦးများ ထိမှန်ပြီး သံဃာတော်တစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်ပြီး နေအိမ်အဆောက်အဦးပျက်စီး၍ ဒေသခံ (၂) ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာများအနေဖြင့် ကြာအင်းဆိပ်ကြီးမြို့ပေါ် နှင့် မြို့ပြင်ကင်းပုန်းများတွင် ဒေသခံများအား အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ပစ္စည်းများ သိမ်းယူခြင်းအပြင် သတ်ဖြတ်မှုများ မကြာခဏရှိနေသည်ဟု ဆိုသည်။

ဒါအပြင် စစ်ကောင်စီတပ်သည် မြို့ပေါ်ရပ်ကွက်များ၊ အနီးရှိကျေး ရွာများအား လက်နက်ကြီးများဖြင့်လည်း နေ့စဥ်ပစ်ခတ်‌နေ၍ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo : အထူးစစ်ဆင်ရေးတပ်ဖွဲ့-S O F (တောင်ပိုင်းစစ်ဒေသကွက်ကဲရေး)