(၅)မိနစ်သာကြာသည့် ဖလူစခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံတချို့ ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

(၅)မိနစ်သာကြာသည့် ဖလူစခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံတချို့ ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

ကရင်ပြည်နယ် မြ၀တီမြို့နယ် စစ်ကောင်စီ၏ ဖလူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၆)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း(၂)က ထုတ်ပြန်လာသည်။

ဖလူးစခန်းကို ၂၀၂၄ခုနှစ် မတ်လ (၁၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားနှင့် ပြည်သူ့စစ်များ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားကြသည်။ 

ဖလူးစခန်းတွင် စစ်ကောင်စီတပ်က (၃၅)နှစ်ကြာ တပ်စွဲထားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များက ပြန်လည်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားတချို့ကို ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Cobra Column 2 VENOM