ထိုင်းနိုင်ငံတွင် မွေးဖွားနှုန်း မြှင့်တင်ရန် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် အဆိုပြုထား

ထိုင်းနိုင်ငံတွင် မွေးဖွားနှုန်း မြှင့်တင်ရန် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် အဆိုပြုထား
By Mr John

 ထိုင်းနိုင်ငံ၏ မွေးဖွားနှုန်း ကျဆင်းနေမှုကို ကိုင်တွယ်ဖြေရှင်းရန် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရေး Thailand Research Development Institute (TDRI) မှ သုတေသန ညွှန်ကြားရေးမှူးက အဆိုပြုထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ငွေကြေးအကန့်အသတ်နှင့် လူနေမှုပုံစံ ရွေးချယ်မှုများကြောင့် လာမည့် (၄) နှစ်မှ (၅) နှစ်အတွင်း ကလေးမွေးဖွားမှု (၁၀၀,၀၀၀) ကျဆင်းသွားမည်ဟု ခန့်မှန်းထားပြီး TDRI မှ ဒေါက်တာ Somchai Jitsuchon ၏ အစီအစဥ်က အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုသည်။

လူနည်းစု တိုင်းရင်းသားမိဘများ သို့မဟုတ် ရွှေ့ပြောင်းအလုပ်သမားများကနေ မွေးဖွားလာသော ကလေးများကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရန် ဒေါက်တာ Somchai က အဆိုပြုထားသည်။ 

ထိုင်းတွင် ထိုလူအုပ်စု အရေအတွက် (၁) သန်းဝန်းကျင်ရှိကြောင်း ခန့်မှန်းထားသည်။ 

သို့သော် ယခုအစီအစဥ်မှာ စာရွက်စာတမ်းကိစ္စမျှသာ မဟုတ်ဘဲ ကလေးများ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြား မရှိမဖြစ် ဝန်ဆောင်မှုများ တန်းတူညီမျှ ရရှိစေရေးကိစ္စ ဖြစ်သည်။

လက်ရှိတွင် ထိုကလေးများမှာ ထိုင်းလူဦးရေစာရင်းတွင် မပါဝင်သေးကြောင်းနှင့် စနစ်တကျ မှတ်ပုံတင်စာရင်းသွင်းထားခြင်း မရှိသေးသည့်အတွက်  သုညနှင့်စသော ဂဏန်း (၁၃) လုံးပါ အထောက်အထားကတ်များ ထုတ်ပေးထားပြီး ထိုင်းနိုင်ငံသားများနှင့် ခွဲခြားထားကြောင်း သိရသည်။ 

 

Source: The Thaiger