နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြင်သစ်အောက်လွှတ်တော်အမတ်တို့ မြန်မာ့အရေးဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြင်သစ်အောက်လွှတ်တော်အမတ်တို့ မြန်မာ့အရေးဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြင်သစ်နိုင်ငံ အောက်လွှတ်တော်အမတ်များ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း NUGက ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင်တို့အဖွဲ့သည် ပြင်သစ်အောက်လွှတ်တော်တွင် ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့၏ ဥက္ကဌ၊ အောက်လွှတ်တော်အမတ် Mr. Alain David၊ ဒုဥက္ကဌ အောက်လွှတ်တော်အမတ် Mrs. Anne Genetet တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြင်သစ်နိုင်ငံက ပါဝင်ကူညီနိုင်သောအခန်းကဏ္ဍများကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Ministry of Foreign Affairs - Myanmar - NUG