နှစ်သစ်ကူးည လှိုင်သာယာမြို့နယ်တွင် ဗုံး ၆ လုံးကွဲ

နှစ်သစ်ကူးည လှိုင်သာယာမြို့နယ်တွင် ဗုံး ၆ လုံးကွဲ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ ညပိုင်းက စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာ(၆)ခု၌ တပြိုင်တည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည(၈)နာရီကျော်တွင် လှိုင်သာယာမြို့နယ် ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူးရုံး၊ (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်၊ ရာအိမ်မှူးနေအိမ်၊ (၁၀)ရပ်ကွက် ရာအိမ်မှူးနေအိမ်၊ ပျူစောထီးတစ်ဦး၏ နေအိမ်နှင့် ရဲတပ်ရင်း(၉)တို့အား တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမူ မသိရသေးပါ။

စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းများသည် တော်လှန်ရေးရဲဘော်များအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ဖမ်းဆီးနေသောကြောင့် သတိပေးဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း Freeland Attack Force(FLA)က ထုတ်ပြန်ထားသည်။

ထို့အပြင် ရန်ကုန်မြို့ပြအား စစ်ကောင်စီမှ လုံးဝအုပ်ချုပ်ခွင့်မရစေရေး တွန်းလှန်ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြတွင် အများပြည်သူနှင့်အတူ လျှို့ဝှက်စွာ အတူရှိနေမည်ဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို Anonymous Fighters Force-AFF၊ Rangoon Urban Force- RUFတို့နှင့်အတူ Freeland Attack Force(FLA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency