မုန်းမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို တော်လှန်ရေးတပ်များသိမ်း၊ နတ်သံကွင်းမြို့ကို ဆက်လက်တိုက်ခိုက်နေ

မုန်းမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို တော်လှန်ရေးတပ်များသိမ်း၊ နတ်သံကွင်းမြို့ကို ဆက်လက်တိုက်ခိုက်နေ

ပဲခူးတိုင်း မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို KNLA ပူးပေါင်း PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး နတ်သံကွင်းမြို့ကိုလည်း တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့က မုန်းမြို့ရှိ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်းနှင့် နရွဲပင်တပ်စခန်းတို့အား KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါစခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၂၀)ဦး သေးဆုံးပြီး လက်နက်မျိုးစုံ (၁၅)လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် KNLA လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါစခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်သံကွင်းရှိတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် စစ်ကူပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Karen National Union