ဖြူးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများကို PDF မှ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချ တိုက်ခိုက် 

ဖြူးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများကို PDF မှ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချ တိုက်ခိုက် 

ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း၌ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ အရှေ့ဘက် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နံနက် (၁၁) နာရီ ၊ နေ့လယ် (၁)နာရီခွဲနှင့် ညနေ (၅)နာရီခွဲတို့တွင် ဒရုန်းဖြင့် 1 Kg ဗုံးသီး တစ်လုံးစီဖြင့် စုစုပေါင်း (၃)လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် ဇေယျဝတီမြို့ အရှေ့ဘက် သရက်ကုန်းကျေးရွာနှင့် နောခင်ကျေးရွာကြားရှိ သုဿန်တွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဒီဇင်ဘာလ (၂၇) ရက်နေ့ နေ့လယ် (၁၂)နာရီ ဝန်းကျင်တွင်  ဖြူးမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် 1 Kg ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ဇေယျဝတီမြို့ အရှေ့ဘက် နှောခင်ရွာသို့ ၀င်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် 1 Kg ဗုံးသီး (၈)လုံးကို အချိန်(၄)ချိန်ခွဲ၍ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ဇေယျဝတီမြို့ အရှေ့ဘက် ကြူအင်းကျေးရွာထိပ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား ဖြူးမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့မှ ထိုနေ့ နေ့လယ် (၂) နာရီနှင့် ညနေ (၃) နာရီတို့တွင် ဒရုန်းဖြင့် 1 Kg ဗုံးသီး (၂) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦး သေဆုံးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ တိုက်ခိုက်မှုများအား ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ သာယာဝတီခရိုင် (ပကဖ)၊ PDF (၃၅၀၂) တပ်ရင်း ၊ ရန်ကုန် (ပကဖ) နှင့် အုတ်တွင်း (ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:တောင်ပိုင်းစစ်ဒေသ အတွင်းမှ ရဲဘော်များကို ဒရုန်းဖြင့် စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဥ် (ပုံဟောင်း)