ကမ္မမြို့နယ် ညောင်ဂျစ်ပင်ရွာရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းဂိတ်စခန်းအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်

ကမ္မမြို့နယ် ညောင်ဂျစ်ပင်ရွာရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းဂိတ်စခန်းအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း ကမ္မမြို့နယ် ညောင်ဂျစ်ပင်ရွာ ပခုက္ကူ-ကမ္မ ကားလမ်းမပေါ်ရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းဂိတ်စခန်းအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ကြောင်း Young Force UG အဖွဲ့ထံမှ သိရသည်။

ကမ္မမြို့နယ် ညောင်ဂျစ်ပင်ရွာ ပခုက္ကူ-ကမ္မ ကားလမ်းမပေါ်ရှိ ပြည်သူများအပေါ် အတင်းအဓမ္မငွေကြေးကောက်ခံနေသည့် စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းဂိတ်စခန်းအား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ နံနက် (၅)နာရီမှ စတင်ပြီး (၆)နာရီအထိ တစ်နာရီခန့်ကြာ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဘက်မှ ခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၊ G-3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

ထို့အပြင် ပြည်သူ့စစ်ခေါင်းဆောင်အိမ်ရှိ ရိက္ခာပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ ပေါက်မြို့နယ် -YGF တပ်ဖွဲ့ ၊ယင်းမာပင်ခရိုင် ဗျူဟာ (၄၇)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၀)၊ဗိုလ်မီးတောက်၊ Air Frighter(မြိုင်)၊ KG၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂)မှ ThuRain-TR နှင့် Young Force UG တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency