စစ်တပ်ထောက်ခံသူ လူရွှင်တော်ဒိန်းဒေါင်နှင့်အဖွဲ့ နေပြည်တော်တွင် ညီနောင်(၃)ဖွဲ့ကို ဆန္ဒပြ

စစ်တပ်ထောက်ခံသူ လူရွှင်တော်ဒိန်းဒေါင်နှင့်အဖွဲ့ နေပြည်တော်တွင် ညီနောင်(၃)ဖွဲ့ကို ဆန္ဒပြ

စစ်တပ်ထောက်ခံသူ လူရွှင်တော်ဒိန်းဒေါင်နှင့်အဖွဲ့သည် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၉)ရက်နေ့တွင် နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့အား ဆန္ဒပြကြောင်း သိရသည်။

ပြည်သူလူထု၏ Boycott ခံထားရသည့် လူရွှင်တော်ဒိန်းဒေါင်သည် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပါက ဖမ်းဆီးခံနေရချိန်တွင် စစ်ခေါင်းဆောင်အလိုကျဖြစ်စေရန် ညီနောင်မဟာမိတ်(၃)ဖွဲ့ကို လူဦးရေ(၂၀)ဝန်းကျင်ဖြင့် ဆန္ဒပြခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီ၏ စီစဉ်မှုဖြင့် ရန်ကုန်နှင့် နေပြည်တော်တို့တွင် စစ်တပ်ထောက်ခံသူများက ညီနောင်မဟာမိတ်(၃)ဖွဲ့ကို ဆန္ဒပြခဲ့ကြသည်။

#TachileikNewsAgency