တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ၏ ဘဏ်အကောင့်များ နောက်ထပ် ပိတ်ချပါက ဆိုးကျိုးများ ခံစားရမည်ဟု အသိပေးကာ ကမ္ဘောဇဘဏ်ကို မီးရှို့ သတိပေး

တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ၏ ဘဏ်အကောင့်များ နောက်ထပ် ပိတ်ချပါက ဆိုးကျိုးများ ခံစားရမည်ဟု အသိပေးကာ ကမ္ဘောဇဘဏ်ကို မီးရှို့ သတိပေး
ဇန်နဝါရီ 22, 2022 | အခြားဒေသများ

မန္တလေးမြို့ လမ်း ၃၀ ၊ ၃၁ လမ်းနှင့် ၈၉ လမ်းရှိ ပြည်ကျော်ဈေး ကမ္ဘောဇဘဏ်ခွဲကို ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးသည့်အနေဖြင့် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ ညနေ (၆)နာရီ (၄၈)မိနစ်အချိန် မီးရှို့လိုက်ကြောင်း သိရသည်။

"နောက်ထပ် တော်လှန်ရေး အင်အားစုများနှင့် အများပြည်သူများ၏ ဘဏ် ACC များအား ပိတ်ချခြင်းများ ပြုလုပ်ပါက  ဆိုးကျိုးများ ခံစားရမည်ဖြစ်သည်။ ညနေပိုင်းအချိန်က လက်လုပ်ဖြင့် ဝင်ထုတာလည်း လက်လုပ်မ အောင်မြင်လို့ စခ သုံးကောင် ကံကောင်းသွားသည်။"ဟု Justice Mandalay People Defense Force က သတင်းထုတ်ပြန်ကာ အသိပေးထားသည်။

 

အဆိုပါ ဘဏ်ကို မီးရှို့တိုက်ခိုက်မှုအား Justice Mandalay People Defense Force နှင့် Mandalay PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

မန္တလေးမြို့ပြပျောက်ကြားအဖွဲ့ကလည်း ဘဏ်အကောင့်များကို စစ်ကောင်စီအမိန့်နာခံကာ ပိတ်ပစ်ခြင်းနှင့် သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီထံ ပေးပိုခြင်းကြောင့် ထိုသို့ ဆက်လက်လုပ်ဆောင်နေပါက ပြင်းထန်သော သတိပေးမှုများရောက်လာမည်ဟုလည်း ယမန်နေ့က သတိပေးစာထုတ်ထားသည်ကိုလည်း တွေ့ရသည်။