ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံထောင်ချီထွက်ပြေးရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံထောင်ချီထွက်ပြေးရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာခြင်းကြောင့် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း People's Defense Comradeထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကန့်ဘလူနယ် ဇီးကုန်းသကြားစက်ဘက်မှ ခင်ဦးနယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် မဒေါင်းလှရွာမှတဆင့် ခင်ဦးမြို့ပေါ်သို့ အင်အား(၂၀၀)နီးပါးခန့်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့နောက် သြဂုတ်လ (၁၉)ရက်နေ့တွင် ခင်ဦးမြို့အတွင်းဝင်ရောက်ကာ ရပ်ကွက်များကို စီးနင်းခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့ ဩဂုတ်လ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် အောင်သီရိရပ်ကွက်ရှိ အရပ်သား (၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ခင်ဦးမြို့အနောက်ခြမ်း လွမ်းစေတီဘုရားဘက်နှင့် ကံသာယာလေးရွာအနီးတွင် စစ်ကြောင်းထိုးနေသောကြောင့် ကံသာယာလေး၊ ကံသစ်ရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#TachileikNewsAgency

Photo : People's Defense Comrade