ဗိုလ်ကြီးတစ်ဦးအပါအဝင် (၅)ဦး KNLAထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဗိုလ်ကြီးတစ်ဦးအပါအဝင် (၅)ဦး KNLAထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၅)ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း KNU က ယနေ့ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။  

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် KNLA ထံ တပ်မ (၄၄) လက်အောက်ခံ ခမရ(၁၀၂)တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းသည် MA-5 တစ်လက်၊ ၉ မမ ကျည်ဘောက်တစ်ခု၊ ကျည် (၁၀)တောင့်နှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။

ထို့အပြင် ဆေးတပ်သား အောင်မျိုးဝင်းသည်လည်း MA-3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ တပ်သားအောင်ကိုမင်းသည် MA-3 တစ်လက်၊ ကျည်ဘောက်တစ်ခုနှင့် ၅.၅၆ ကျည်တောင့်(၁၅) တောင့်တို့ဖြင့် အလင်းဝင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း(၁၀၂၂) တပ်နယ် (၄)မှ B.G.F တပ်သား စောပေထူး(ခ) တော့ဘရားသည် M-4 တစ်လက်၊ ကျည်ဘောက် (၇)ခု၊ ၅.၅၆ ကျည် (၆၀) တောင့်၊ လက်ပစ်ဗုံး (၂)လုံးနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ (၁၅)ရက်နေ့ကလည်း တပ်ရင်း(၁၀၂၂)တပ်နယ် (၄) မှ B.G.F တပ်သား ကောင်းဆက်ထွန်းသည်လည်း M-4 Crbine တစ်လက်၊ ကျည်ဘောက်တိုတစ်ခု၊ ၅.၅၆ ကျည်တောင့် (၂၀) တောင့်နှင့်အတူ အလင်းဝင်ခဲ့သည်။

၎င်းတို့နှင့်အတူ ပါလာသော လက်နက်ခဲယမ်းများအလိုက် အမှတ် (၆) တပ်မဟာက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻