ကွင်းချောင်းဝဗျူဟာစခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံ

ကွင်းချောင်းဝဗျူဟာစခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံ

ပဲခူးတိုင်း  ကျောက်တံခါးမြို့နယ် ကွင်းချောင်းဝဗျူဟာစခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပဲခူးခရိုင် အမှတ်(၂)တပ်ရင်းထံ ခိုလှုံလာသည်ဟု သိရသည်။

အဆိုပါ တပ်သားသစ်နှစ်ဦးသည် MA-1 တစ်လက်၊ ကျည်ဘောက် (၅)ခု၊ ၅.၅၆ ကျည်(၄၀၀)တောင့်တို့ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ်(၂)တပ်ရင်း၊ P2-3702 ထံ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် ခိုလှုံလာခြင်းဖြစ်သည်။

၎င်းတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလို၍ ဆက်သွယ်လာသည့်အတွက် တပ်ရင်းတော်လှန်ရေးရဲဘော်များက သွားရောက်ခေါ်ဆောင်ခဲ့ပြီး ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ကာ ကျပ်ငွေ(၁၀)သိန်းအား ကနဦး ချီးမြှင့်ငွေအဖြစ် ပေးထားသည်ဟု သိရသည်။

စစ်ကောင်စီဘက်က အတင်းအဓမ္မခေါ်ဆောင်ခံခဲ့ရသူများအနဖြင့် တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များကို အမြန်ဆုံး ချိတ်ဆက်ပြီး အလင်းဝင်ကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo:ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702