ပြည်သူများလိုလားတောင်းတနေသည့် နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်၊ လက်တလာသတင်းများကြောင့် မစိုးရိမ်ကြရန် ညီနောင်မဟာမိတ် ၃ဖွဲ့က အသိပေး

ပြည်သူများလိုလားတောင်းတနေသည့် နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်၊ လက်တလာသတင်းများကြောင့် မစိုးရိမ်ကြရန် ညီနောင်မဟာမိတ် ၃ဖွဲ့က အသိပေး

မြန်မာပြည်သူ လူထုတစ်ရပ်လုံးမှ မျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည့်သူများမဟုတ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် အသိပေးထုတ်ပြန်လာသည်။ 

လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို  သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြရန်လည်း ပြောကြားထားသည်။

တရုတ်အကူအညီဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် မြောက်ပိုင်းညီနောင်အဟာမိတ်(၃)ဖွဲ့ကို တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မဟာမိတ်(၃)က ယခုကဲ့သို့ သတင်းထုတ်ပြန်လာခြင်းဖြစ်ပြီး ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ပြန်လာခြင်းမရှိသေးပါ။

ထို့အပြင် ညီနောင်(၃)ဖွဲ့က ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားသည်။ 

ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်စခန်းများ၊ လက်နက်ကြီးစခန်းကုန်းများအား တိုက်ခိုက်ခဲ့ရာ တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်နှင့် (၃)ဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက်တို့သည် အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဆိုသော်ငြားလည်း အလုံးစုံသော ရည်မှန်းချက် ပြည့်ဝရန်အတွက်မူ အချိန်ကာလတစ်ခုအထိ ဆက်လက်ကြိုးစား တိုက်ပွဲဝင်ရဦးမည်ဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency