စစ်အာဏာသိမ်းခြင်းကိုထောက်ခံပြီး ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်ပေးစဉ် အောင်ပွဲခံခဲ့သည့် NNDP ပါတီဥက္ကဌ ပစ်ခတ်ခံရပြီးသေဆုံး

စစ်အာဏာသိမ်းခြင်းကိုထောက်ခံပြီး ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်ပေးစဉ် အောင်ပွဲခံခဲ့သည့် NNDP ပါတီဥက္ကဌ ပစ်ခတ်ခံရပြီးသေဆုံး

စစ်တပ်အာဏာသိမ်းခြင်းအပေါ် ထောက်ခံကြိုဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီ ဥက္ကဌ ဦးသန်းထွန်း ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ၎င်း၏ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သိရသည်။

ပစ်ခတ်ခံရသူသည် စစ်တပ်အာဏာသိမ်းခြင်းအပေါ်  ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်မှ အာဏာသိမ်းပိုင်ခွင့်မရှိဟု ပြဌာန်းထားသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် တပ်မတော်တွင် လုပ်ပိုင်ခွင့်နှင့် အာဏာရှိကြောင်း၊ အာဏာသိမ်းခဲ့သည်ရှိသော် တပ်မတော်ကို ထောက်ခံရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သူဖြစ်သည်။

ထို့အပြင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်အား ကြံ့ဖွံ့ပါတီအပါအဝင် ပါတီ(၃၄)ပါတီက အာဏာသိမ်းရန် သွားရောက်တွန်းအားပေးခဲ့သည့်အထဲတွင်လည်း အမျိုးသားဒီမိုကရေစီပါတီသစ်((NNDP)ပါတီ ဥက္ကဌ ဦးသန်းထွန်း ပါဝင်ခဲ့သည်။

ဦးဂျင်မီ၊ ကိုဇေယျာသော်တို့ကို သေဒဏ်ပေးစဉ်ကလည်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အောင်ပွဲခံခဲ့သူတစ်ဦးဖြစ်ကာ ၎င်းပါတီ၏ ဥက္ကဌ ဦးသိန်းညွန့်အား စစ်ကောင်စီက ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ပြီးနောက် ဦးသန်းထွန်းမှာ ပါတီဥက္ကဌဖြစ်လာသူဖြစ်သည်။

၎င်းအား ငမိုးရိပ် Mission Networkက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency