ပုလဲ ပအဖထံ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ပုလဲ ပအဖထံ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
ဇန်နဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ချင်းပြည်နယ်တွင် တာဝန်ကျ‌နေသည့် စစ်ကောင်စီတပ်သား(၃)ဦး လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် အလင်းဝင်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်သား (၃)ဦးသည် MA1 တစ်လက်၊ MA3 တစ်လက်၊ လက်ပစ်ဗုံး (၆)လုံး၊ ကျည်ဘောက် (၆)ခု၊ (၅.၅၆) ကျည်ဆံ (၄၉၀)တောင့်တို့ကို သယ်ဆောင်လာကာ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။။ 

ပြည်သူ့ရင်ခွင်ထံသို့ အလင်းဝင်ခိုလှုံလာသော ၎င်းတို့(၃)ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)တို့မှ တစ်ဦးလျှင်ငွေကျပ်(၇၀)သိန်း စုစုပေါင်း ငွေကျပ် (၁၂၀)သိန်းနှင့် ပုလဲမြို့နယ် လူသားစာနာတာဝန်ခံမှ (၁)သိန်းကျပ် ချီးမြှင့်ပေးကြောင်း သိရသည်။

#TachileikNewsAgency