ဗိုလ်ချုပ်ကြီး ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ တူးရှန် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် NUG တွေ့ဆုံ

ဗိုလ်ချုပ်ကြီး ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ တူးရှန် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် NUG တွေ့ဆုံ

ဗိုလ်ချုပ်ကြီး ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ တူးရှန် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ယမန်နေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုမှ တော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းအရပ်ရပ်ကို ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍရပ်များ ပိုမိုအားကောင်းရေး၊ တော်လှန်ရေးအောင်မြင်ရေးအတွက် လက်တွဲဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးချမှတ်ခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲကို Kachin Political Interim Coordination Team (KPICT) အဖွဲ့ဝင်များ၊ NUG

မဟာမိတ်ဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အကြံပေးများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency