ခေါဇာမြို့နယ်ခွဲရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံဖြင့် YGFထံ အလင်းဝင် 

ခေါဇာမြို့နယ်ခွဲရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံဖြင့် YGFထံ အလင်းဝင် 
နိုဝင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် အလင်းဝင်လာကြောင်း Ye Guerrilla Forceထံမှ သိရသည်။

ရဲတပ်ကြပ်ကြီး မင်းနောင်သည် ၎င်းကိုင်ဆောင်သော G-3 လက်နက် (၁)လက်၊ ကျည်ဘောက် (၂)ဘောက်၊ ကျည် (၁၀၀)တောင့်နှင့်အတူ YGF-ရေးပြောက်ကျားတပ်ထံသို့ လက်နက်အပ်ပြီး CDMပြုလုပ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော ရဲတပ်ကြပ်က ၎င်းအနေဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်နိုင်တော့ကြောင်း၊ အဓိကအားဖြင့် စစ်ကောင်စီက ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းကို မနှစ်မြို့ခြင်း၊ ပြည်သူများ၏ အိုးအိမ်နှင့်စည်းစိမ်များကို မီးရှို့ဖျက်ဆီး၊ လုယက်ယူဆောင်၊ မတရားသိမ်းဆည်း၊ ခိုးယူခြင်းများကို ကိုရွံရှာခြင်း၊ အာဏာရှင်တစ်စုနှင့် အာဏာရှင်စနစ်အတွက် ကျွန်သဖွယ် လုပ်ကိုင်ရခြင်းကို မုန်းတီးခြင်းတို့ကြောင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Ye Guerrilla Force-ရေးပြောက်ကျားတပ်ဖွဲ့