နတ်တလင်းမြို့နယ် ဒမငယ်ရွာစစ်ကောင်စီ ရဲကင်းစခန်းအား PDF လက်ပစ်ဗုံးဖြင့် ၀င်ရောက်ပစ်ခတ်တိုက်ခိုက်

နတ်တလင်းမြို့နယ် ဒမငယ်ရွာစစ်ကောင်စီ ရဲကင်းစခန်းအား PDF လက်ပစ်ဗုံးဖြင့် ၀င်ရောက်ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ဒမငယ်ရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းအား လက်ပစ်ဗုံးဖြင့် ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း (၃၈၀၁) တပ်ခွဲ (၂) Phoenix DF အဖွဲ့ထံမှ သိရသည်။

နတ်တလင်းမြို့နယ် အရှေ့ဘက် ဒမငယ်ရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့ နေ့လယ် (၃)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ လက်ပစ်ဗုံးဖြင့် ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Phoenix DFအဖွဲ့က ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဆက်လက်၍လည်း စစ်တပ် ၊ ရဲ ၊ ပျူစောထီးနှင့် စစ်ကောင်စီ ဒေါက်တိုင်များအား အခါအခွင့်သင့်သလို တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများထိခိုက်မှုမရှိစေရန် ၎င်းတို့အနီး သွားလာလှုပ်ရှားခြင်းမပြုကြရန် သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း (၃၈၀၁) တပ်ခွဲ (၂) Phoenix DF အဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo:သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁  (ပုံဟောင်း)