ပုလဲ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များဝင်စီး

ပုလဲ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များဝင်စီး

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ကြောင်း သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များ RPG များဖြင့် ပုလဲမြို့‌ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်နေစဥ်အချိန်တွင်း တိုက်လေယာဉ် (၂)ကြိမ်လာသော်လည်း ပစ်ကူခြင်းမရှိပဲ ပြန်လှည့်သွားခဲ့သည်ဟု သိရသည်။

အဆိုပါနေရာများအား ဝင်ရောက်စီးနင်းနိုင်ခဲ့သော်လည်း ကျားတက်ကျေးရွာတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ အင်အားအလုံးအရင်းဖြင့် တပ်ကူလာခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၇)ဦးသေပြီး ဒဏ်ရာရသူအများအပြားရှိသည်ဟု မြိုင် ပကဖ ထံမှ သိရသည်။

တိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်၊ နဂါးနီ အထူးတိုက်ခိုက်ရေး မြိုင် ပကဖ ရင်း ၃၊မြေလတ်ပြောက်ကျားတပ်ဖွဲ့(MRG)၊ မြိုင်မြို့နယ်ခြေစိုက် တပ်ရင်း ၁၄၊ မြိုင်မြို့နယ်ခြေစိုက် တပ်ရင်း ၁၅၊ PCN တပ်ဖွဲ့ (မြိုင်)၊ ယင်းမာပင်ခရိုင်-တပ်ရင်း (၄)ရင်းဗျူဟာတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency