ရေဦးတိုင်းရင်းဆေးရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်

ရေဦးတိုင်းရင်းဆေးရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်
နိုဝင်ဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်အား ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ်ပိုင်းတွင် တော်လှန်ရေးတပ်များက ဒရုန်းအကြီး (၄)စင်း၊ Fixed Wing ဒရုန်း(၂)စီးဖြင့် ဗုံးသီး(၁၂)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Federal Wingsထံမှ သိရသည်။

စစ်ဒေသ(၁)၏ ကွပ်ကဲမှုဖြင့် စစ်ကိုင်း Federal Wingsနှင့် ပူးပေါင်းတပ်ဖွဲ့များက ၎င်းစစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့်နေရာရှိ သိုလှောင်ထားသော လက်နက်ကြီးများ၊ ခဲယမ်းများနှင့် သံချပ်ကာကားများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုကို Sagaing Federal Wings၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း (MRA)၊ GTR(MMU)၊ ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း ရေဦး PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency