နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ 

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ 
စက်တင်ဘာ 22, 2023 | 2021 Military Coup

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လစ်သူရေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergisတို့ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်အတွင်း စစ်တပ်အုပ်စိုးသည့် နိုင်ငံရေးစနစ်ကို ရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်ရေးသည် ဒေသတွင်း တည်ငြိမ်မှုနှင့် ရေရှည်တည်တန့်ခိုင်မြဲသည့် ဖွံ့ဖြိုးရေးအတွက်အရေးကြီးကြောင်း၊  ကမ္ဘာတဝှမ်း ဒီမိုကရေစီ အကြပ်အတည်း ဆိုက်နေမှုနှင့်လည်း ချိတ်ဆက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒီမိုကရက်တစ်နိုင်ငံငယ်များ၏ အခန်းကဏ္ဍအရေးပါမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Foreign Affairs - Myanmar - NUG