ကန့်ဘလူမြို့ တောင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့်  ဒေသခံများထွက်ပြေးနေရ

ကန့်ဘလူမြို့ တောင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့်  ဒေသခံများထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းအား ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အင်အား(၁၀၀)ကျော်ပါသည့် စစ်ကောင်စီ၏  ခြေမြန်တပ်ရင်း ခမရ (၃၆၁)တပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းတို့ စစ်ကြောင်းထိုးလာခြင်း ကြောင့် ဇီးကုန်းနှင့် ထန်းကုန်းတိုက်နယ်တွင်း ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ 

အဆိုပါ စစ်ကြောင်းမှာ ဩဂုတ်လ (၂၉)ရက် ညနေပိုင်းက ဇီးကုန်းမြို့အရှေ့ဘက် MEC သကြားစက်မှတဆင့် ချဥ်မြင်ကျင်းကျေးရွာသို့  ရွေ့လျားလာကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် သရက်ခေါင်းကျေးရွာဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးနေခြင်းကြောင့် ကိုးမြို့၊ တောင့်တဲကုန်း၊ ညောင်ဇင်ကြီး၊ သိုးဘိုး၊ ဖလံချိုင်၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာနှင့် လက်ထုတ်ကုန်း ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

#TachileikNewsAgency