မင်းဘူးခရိုင်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်များတွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်း ဆေးတပ်သားများ စတင်တာဝန်ထမ်းဆောင်

မင်းဘူးခရိုင်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်များတွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်း ဆေးတပ်သားများ စတင်တာဝန်ထမ်းဆောင်

မကွေးတိုင်း မင်းဘူးခရိုင်အတွင်းတွင် စစ်ကောင်စီနှင့် ဖြစ်ပွားလျှက်ရှိသည့် ရှေ့တန်းစစ်မျက်နှာပြင်များတွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း အပတ်စဉ် (၁) သင်တန်းမှ သင်တန်းဆင်း ဆေးတပ်သားများ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းဘူးခရိုင်တပ်ရင်းများမှ ရွေးချယ်ထားသည့် တပ်ဖွဲ့ဝင်များအား ရှေ့တန်းစစ်မျက်နှာ၌ တာဝန်ထမ်းဆောင်နိုင်သည့် ဆေးတပ်သားများ ဖြစ်လာစေရန်နှင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မင်းဘူးခရိုင် ကွပ်ကဲရေးရုံး