မန္တလေးတိုင်း မတ္တရာမြို့နယ် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ကလေးနှစ်ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိရာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးသည် မတ္တရာရှိ ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူများကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_MAT
Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)