ပုလဲမြို့နယ် ပိတောက်ကုန်းရွာနှင့် ညောင်ကုန်းရွာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲသွား၍ အရပ်သားထိခိုက်သေဆုံးသူရှိ

ပုလဲမြို့နယ် ပိတောက်ကုန်းရွာနှင့် ညောင်ကုန်းရွာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲသွား၍ အရပ်သားထိခိုက်သေဆုံးသူရှိ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပိတောက်ကုန်းရွာနှင့် ညောင်ကုန်းရွာကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။

ပိတောက်ကုန်းရွာနှင့် ညောင်ကုန်းရွာကို တိုက်လေယာဉ်တစ်စီးဖြင့် နှစ်ကြိမ် ဗုံး(၅)လုံး ကြဲချခဲ့ရာ အရပ်သား(၃)ဦး သေဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း ကနဦးသတင်းအရ သိရသည်။

"ဗုံးကြဲသွားတာ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်း တစ်လုံး၊ အရပ်သား နေအိမ်ပေါ် တစ်လုံးကျပြီး မီးလောင်နေပါတယ်။ မြောက်ယမားဆည်အနီး ပိတောက်ကုန်းဘက်မှာလည်း ဗုံး(၃)လုံးကြဲသွားတယ်။ ထိခိုက်မှုများတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အသေးစိတ် အချက်အလက်သိရှိနိုင်ရန် Tachileik News Agency အနေဖြင့် သက်ဆိုင်ရာ နယ်မြေခံတပ်ဖွဲ့များထံ ဆက်သွယ်ထားဆဲဖြစ်ပါသည်။

#TachileikNewsAgency