ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်မီးရှို့ရာ နေအိမ်(၄၈)လုံးဆုံးရှုံးပြီး ဒေသခံထောင်ချီထွက်ပြေးရ

ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်မီးရှို့ရာ နေအိမ်(၄၈)လုံးဆုံးရှုံးပြီး ဒေသခံထောင်ချီထွက်ပြေးရ

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်းရှိ ဘိုတဲကုန်းရွာနှင့် ပေကုန်းရွာတို့အား စစ်ကောင်စီတပ်မှ ၂၀၂၃ခုနှစ် ဇွန်လ(၁၀)ရက်နေ့မှ (၁၁)နေ့ တို့တွင် နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်(၄၈) လုံးနှင့် စပါးကျီ(၁၅)လုံး မီးလောင်ဆုံးရှုံးပြီး ဒေသခံအများအပြား တိမ်းရှောင်နေရကြောင်း သိရသည်။



ဇွန်လ(၁၀)ရက်နေ့တွင် ထန်းကုန်းတိုက်နယ် ဘိုတဲကုန်းရွာအား ထန်းကုန်းမှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား(၁၀၀ ဝန်းကျင်သည် ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်အလုံး(၂၀)မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။



ထို့အပြင် ဇွန်လ(၁၁)ရက်နေ့တွင် ချပ်သင်းတိုက်နယ်၊ ပေကုန်းရွာအား ဇင်းရွာမှထွက်လာသည့် စစ်ကောင်စီတပ် ခမရ (၃၆၁)နှင့် ပျူစောထီး အင်အား(၁၄၀)ဝန်းကျင်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်(၂၈)လုံးနှင့် စပါးတိုက်(၁၅)လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။



၎င်းစစ်ကြောင်းများကြောင့် ဇင်းရွာနှင့် အနီးအနားကျေးရွာများအပြင် ဘိုတဲကုန်းနှင့် အနီးအနားရှိကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ထံမှ သိရသည်။



#TachileikNewsAgency

Photo : ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)