ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း Dark Shadow တပ်ဖွဲ့ထံမှ သိရသည်။
ကရင်နီပြည်နယ်တွင်ပြုလုပ်သည့် ၁၁.၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ကို ဂုဏ်ပြုသည့် အနေဖြင့် ယနေ့ နေ့လယ်(၂)နာရီခွဲတွင် တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှု ရှိ၊ မရှိကိုမူ မသိရသေးဟု သိရသည်။
ကရင်နီပြည်၏ ၁၁.၁၁ စစ်ဆင်ရေးတွင် ပါဝင်နေသော တော်လှန်ရေးအင်အားစုများနှင့် အတူတကွ Dark Shadow အဖွဲ့သားများအနေဖြင့် မြို့ပြတွင်လည်း အာဏာရှင် အမြစ်ပြတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုသည်။
ထို့အပြင် နောက်ထပ်ပစ်မှတ်များကိုလည်း ဆက်လက် တိုက်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများ စစ်ကောင်စီနှင့် ပတ်သတ်သောနေရာများသို့ မသွားကြရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာပေးကြရန် မေတ္တာရပ်ခံထားသည်။
#TachileikNewsAgency
Photo: Internet (ပုံဟောင်း)