အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်ခံရ

အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်ခံရ

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးက ၂၀၂၄ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တောင်ပိုင်းစစ်ဒေသ တော်လှန်ရေးအင်အားစုများက သြဂုတ်လ (၁၄)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ တပ်ရင်းအမှတ် ၃၅၀၂ Delta One Drone Team နှင့် အုတ်တွင်းမြို့နယ် ပကဖ ဒရုန်းအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency