ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်များ သိမ်းဆည်းရရှိ 

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်များ သိမ်းဆည်းရရှိ 
ဧပြီ 17, 2023 | အခြားဒေသများ

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အင်အား(၃၀)ခန့် ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

၎င်းတပ်စခန်းကို ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့၏ နံနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူများရှိကာ (၆ )ဦးကို အရှင်ဖမ်းမိသည်ဟုလည်း သိရသည်။

၎င်းတပ်စခန်းကို PDF (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး MA-2 (၃) လက်၊ MA - 11 (၆) လက်၊ MA - 3 (၅)လက်၊ MA - 4 (၁)လက်၊ MA ကျည်ဘောက် (၈)ခု၊ ၅.၅၆ ကျည် (၉၃၈၀) တောင့်၊ 60mm - ပြောင်းတို (၁)လက်၊ 60 mm ဗုံးသီး (၅၀) လုံး၊ 40 mm ဗုံးသီး (၅၇) လုံး၊ လက်ပစ်ဗုံးသီး (၅၆) လုံး၊ ရှေ့ထွက်မိုင်း (၁၀) လုံး၊ နင်းမိုင်း (၂၉) လုံး၊ Detonator(လက်ပစ်) (၃၇) ခု၊ Detonator (မိုင်း) (၄၅) ခု၊ ချပ်ဝတ်တန်ဆာ (၂) ခု နှင့် ငွေကျပ် (၁၁၁၀၀)ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။