သေ့ဘောဘိုးစခန်းသိမ်း တိုက်ပွဲတွင် တာချီလိတ်မြို့ရှိ နယ်ခြားစောင့်တပ်၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးအောင်ငြိမ်းချမ်း အပါအဝင် အာဏာသိမ်းစစ်အုပ်စုဘက်က အများအပြား သေဆုံး

သေဆုံးသူ  ဗိုလ်မှူးအောင်ငြိမ်းချမ်း
သေဆုံးသူ ဗိုလ်မှူးအောင်ငြိမ်းချမ်း
သေ့ဘောဘိုးစခန်းသိမ်း တိုက်ပွဲတွင် တာချီလိတ်မြို့ရှိ နယ်ခြားစောင့်တပ်၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးအောင်ငြိမ်းချမ်း အပါအဝင် အာဏာသိမ်းစစ်အုပ်စုဘက်က အများအပြား သေဆုံး

 တာချီလိတ်မြို့ရှိ အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်တွင် ဌာနချုပ်တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စု၏ ဗိုလ်မှူးအောင်ငြိမ်းချမ်းသည် ကရင်ပြည်နယ် သေ့ဘောဘိုးစခန်းအပြင် တောထဲ၌ ပြေးရင် ကျည်ထိပြီး သေဆုံးသွားကြောင်း သိရသည်။

မြဝတီမြို့၏ တောင်ဘက်ရှိ အာဏာသိမ်းစစ်အုပ်စု၏ သေ့ဘောဘိုးစခန်းကို ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၂ခုနှစ် မေလ(၁၈)ရက်နေ့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအပြီးတွင် ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းစဉ် တောထဲ၌ သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက အဆိုပါ စခန်းကို သိမ်းပိုက်လိုက်နိုင်ပြီး စခန်းအား ရှင်းလင်းရာတွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်သား (၆)ဦးကို အရှင်ဖမ်းဆီးရမိပြီး စခန်းပြင်ပတွင်ရှိ တောထဲတွင် အမှတ်(၃၂)ခြေလျင်တပ်ရင်း၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်းကို သေဆုံးလျှက်ဖြင့် တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ  ဗိုလ်မှူးအောင်ငြိမ်းချမ်းသည် တာချီလိတ်မြို့ရှိ အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်တွင် ဌာနချုပ်တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် တာချီလိတ်မြို့မှ ဂေါက်ရိုက်သမား အများစုနှင့် ရင်းနှီးခဲ့သူဖြစ်သည်။

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသူများတွင် အာဏာသိမ်းစစ်အုပ်စုဘက်က တပ်ကြပ်ကြီး (၂)ဦ။ တပ်ကြပ်(၁)ဦး၊ ဒုတပ်ကြပ်(၁)ဦး နှင့် တပ်သား(၁)ဦးတို့ ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသလို သေဆုံးသူမှာလည်း  ဗိုလ်မှူးအောင်ငြိမ်းချမ်း အပါအဝင် အများအပြား သေဆုံးသည်ဟု သိရသည်။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း အာဏာသိမ်းစစ်အုပ်စုတပ်၏ ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း(၁)လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MG - 3 စက်လတ်(၁)လက်၊ MA - 2 (၄)လက်၊ MA - 3 (၂) လက်၊ MA - 5 (၁)လက် ၊ ၆၀ မမ ဗုံးသီး (၁၀)လုံး၊ ၈၁ မမ (၁၄) လုံး၊ RPG ဗုံးသီး (၄၆)လုံး ယမ်းတောင့် (၁၆)တောင့်၊ တိုက်မိုင်း (၅)လုံး၊ ကျည်ကာ အင်္ကျီ (၃)ထည်၊ နင်းမိုင်း အကြီး(၃)လုံး၊ နင်းမိုင်းအသေး(၅)လုံး၊ အချက်ပြ သေနတ်(၂)လက်၊ ဒရုန်း(၁)စီး၊ မှန်ဘီလူး(၂)လက်၊ ကျည်ကာဦးထုတ်(၄)လုံး၊ ကျည်ဘောက်(၂၇)ခု၊ ဆက်သွယ်ရေးစက် TS-2000 (၁) ခု၊ သံလိုက်အိမ်မြှောင်(၁)ခု၊ မြေပုံ(၁)ချပ်၊ မိုင်းရှာစက်(၁)ခု၊ လျို့ဝှက်စာရွက်စာတမ်း (အစုံ)၊ ဆက်သွယ်ရေးစက် ဘက်ထရီ(၁)ခု၊ စက်လတ်ကျည်ခါးပတ်တွဲ (၁)ခု၊ ၅.၅၆ ကျည် (၃၀၀၀)တောင့် ခန်၊ ၇.၆၂ ကျည် (၄၀၀၀) တောင့်ခန့်၊  အချက်ပြကျည်(၁၀)တောင့်၊ ဆက်သွယ်ရေးစက် အသေး(၁)လုံးနှင့် ဂျန်မာစက် (၁) လုံး တို့အား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။