စက်တင်ဘာ 9, 2022 | covid-19
ကျိုင်းတုံမြို့တွင် COVID-19 ကူးစက်မှုများပြားလာ၍ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်း ခရီးသွားလာသူများကို မှတ်ပုံတင်အပြင် COVID 19 Booster ထိုးထားသည့် လက်မှတ်စစ်ဆေးခြင်းကိုပါ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့မှစ၍ လုပ်ဆောင်မည်ဟု သိရသည်။
COVID-19 ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီးနောက် ထပ်ဆောင်းထိုးနှံထားကြောင်း အထောက်အထားကို မြို့ဝင်ထွက်ဂိတ်များတွင် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမည်ဟု သိရသည်။
အဆိုပါလက်မှတ် မပြနိုင်သည့် ခရီးသွားများကို သွားလာခွင့်မပြုရန် စက်တင်ဘာလ ပထမပတ်အတွင်းက စစ်ကောင်စီ၏ လက်အောက်ခံ ဌာနများကို ညွန်ကြားထားကြောင်း သိရသည်။