ကန်ပက်လက်မြို့တွင် သင်္ချိုင်း သန့်ရှင်းရေးလုပ်ရန်သွားသည့် ပြည်သူတစ်ဦးကို စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်

[ ပုံအဟောင်းဖြစ်သည် ]
[ ပုံအဟောင်းဖြစ်သည် ]
ကန်ပက်လက်မြို့တွင် သင်္ချိုင်း သန့်ရှင်းရေးလုပ်ရန်သွားသည့် ပြည်သူတစ်ဦးကို စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်
သြဂုတ် 31, 2022 | အခြားဒေသများ

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဦးဆောင်ပြီး ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့တွင် သင်္ချိုင်းသန့်ရှင်းရေးလုပ်ရန်သွားနေကြစဥ် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ပြည်သူတစ်ဦး ရင်အုံကို ကျည်ထိမှန်ဒဏ်ရာ ရရှိသွားကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်လာသည်။

သင်္ချိုင်းသန့်ရှင်းရေး လုပ်ရန်သွားနေကြစဥ် ကန်ပက်လက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ရာ ပြည်သူတစ်ဦး၏ ညာဘက်ရင်အုံ ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရဟု သိရသည်။

အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ ပစ်မှတ်ထားကာ ပစ်ခတ်မှုများ ဆက်လက် လုပ်ဆောင်နေပါက CDF-Kanpetlet မှ ပြင်းထန်စွာ တုံ့ပြန် အရေးယူသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။