တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ကက(ကြည်း)ပိုင် ရာဘာစက်ရုံကို ဝင်ရောက် စီးနင်းတိုက်ခိုက်

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ကက(ကြည်း)ပိုင် ရာဘာစက်ရုံကို ဝင်ရောက် စီးနင်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်းပင်ကွင်းကျေးရှာရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ရာဘာစက်ရုံကို မေလ(၈)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သားများထွက် ပြေးသွားကြောင်း People's Defence Force-Myeik District က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ စက်လက်နက်ပစ္စည်းညွှန်ကြားရေးရုံး ကက (ကြည်း)ပိုင် ရာဘာစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၂)နှင့် ပူပေါင်းအဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ဝင်ရောက် စီးနင်းရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် ထိုစက်ရုံအား ပူပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုနောက် ညောင်းပင်ကွင်းကျေးရွာရှိ ခမရ(၅၆၁)မှ လက်နက်ကြီးနှင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူပေါင်းအဖွဲ့တို့ ထိခိုက်ဒဏ်ရာမရရှိခဲ့ဟု သိရသည်။