စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်၏ စစ်ကြောင်းက ပြည်သူများအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းကြောင့် ဒေသခံများတိမ်းရှောင်နေရသည့်အတွက် အကူအညီများ လိုအပ်နေလျက်ရှိကြောင်း YDF ထီးလင်းက မတ်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်းထိုး နေသဖြင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်များ အထိနာနေသဖြင့် ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်နေခြင်းဖြစ်သည်။
"စခများသည် ၎င်းတို့စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက် ရွာသူရွာသားများကို ဖမ်းဆီးကာ လူသားဒိုင်းသဖွယ် အသုံးပြုခြိမ်းခြောက်မှုများ ရှိနေသောကြောင့် ဒေသခံပြည်သူအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်မိဘပြည်သူများအား YDF Htilin (Shwe Som Nyo)မှ ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ကာ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိနေပါတယ်ခင်ဗျာ စစ်ဘေးရှောင် ဒေသခံများမှာလည်း အကူအညီများစွာ လိုအပ်နေပါသဖြင့် မိဘပြည်သူများ ဝိုင်းဝန်းကူညီထောက်ပံကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။"ဟု YDF Htilin Battalion - 3 "SSN"က ဆိုသည်။
စစ်ဘေးရှောင် မိဘပြည်သူများအား YDF Htilin (Shwe Som Nyo)မှ ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ကာ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး အကူအညီများစွာ လိုအပ်နေသဖြင့် ပြည်သူများက ဝိုင်းဝန်းကူညီထောက်ပံကြရန် မေတ္တာရပ်ခံထားပြီး ကူညီလိုသူများအနေဖြင့် YDF Htilin Battalion - 3 "SSN" ၏ facebook page ကနေ ဆက်သွယ်နိုင်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: YDF Htilin Battalion - 3 "SSN"