ပခုက္ကူမြို့နယ်ရှိ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များဝင်စီးရာ စစ်ကောင်စီတပ်သား နှစ်ဦးအညံ့ခံပြီး တစ်ဦးဖမ်းမိ

ပခုက္ကူမြို့နယ်ရှိ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များဝင်စီးရာ စစ်ကောင်စီတပ်သား နှစ်ဦးအညံ့ခံပြီး တစ်ဦးဖမ်းမိ

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၂)ဦး အလံဖြူထောင်ပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိကြောင်း မြိုင်မြို့နယ်ပကဖ ထံမှ သိရသည်။

တော်လှန်ရေးတပ်များက သာကြီးတောင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စခန်းအားစီးနင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅)ဦး မျက်မြင်သေဆုံးသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သား (၂)ဦးမှာ အလံဖြူထောင်အညံ့ခံကာ တစ်ဦးကို လက်နက်ဖြင့် အရှင်မိခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟုလည်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G3 (၂)လက်၊ BA94 (၄)လက်၊ MA13 တစ်လက်၊ ဒရုန်းပစ်သေနတ် တစ်လက်၊ ကျည်မျိုးစုံ (၁၀၀၀)ကျော်၊ မိုင်းအမျိုးမျိုး၊ ငွေသားကျပ်သိန်း(၆၀)ကျော်တို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ(တပ်ပေါင်းစု)၊ FRF တပ်ဖွဲ့၊ BGF တပ်ဖွဲ့၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ကမ္မတပ်ပေါင်းစုတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency