မြောင်ပညာရေးကွန်ရက်က (၂၂)ကျောင်းမြောက်အဖြစ် အခြေခံပညာစာသင်ကျောင်း ဖွင့်လှစ်

မြောင်ပညာရေးကွန်ရက်က (၂၂)ကျောင်းမြောက်အဖြစ် အခြေခံပညာစာသင်ကျောင်း ဖွင့်လှစ်
ဧပြီ 21, 2022 | အခြားဒေသများ

မြောင်ပညာရေးကွန်ရက်(Myaung Education Network) က (၂၂)ကျောင်းမြောက်အဖြစ်  ခြေခံပညာစာသင်ကျောင်းကို ၂၀၂၂ခုနှစ် ဧပြီလ(၁၈)ရက်နေ့က အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း ယနေ့ ဧပြီလ(၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကျောင်းဖွင့်ပွဲသို့ မြောင်ပညာရေးကွန်ရက်မှ တာဝန်ခံများ ၊ မြောင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၊ ကျောင်းပညာရေးကော်မတီ ၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ၊ ကျေးရွာကာကွယ်ရေးအဖွဲ့များ ၊ ရပ်မိရပ်ဖ ၊ မိဘ ၊ဆရာ၊ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

"ကျောင်းများအတွက် ကျောင်းသုံးစာအုပ်များနှင့် ကျောင်းရေရှည်တည်တံ့နိုင်ရန် ပညာရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်စွက်ကူညီရန် ပညာရေးပဒေသာပင် စိုက်ထူလိုပါက m.me/112102391388001 သို့ ဆက်သွယ်နိုင်ပါပြီ ။"ဟု Myaung Education Network မြောင်ပညာရေးကွန်ရက် က အသိပေး မေတ္တာရပ်ခံထားရှိသည်။

(၂၂)ကျောင်းမြောက်အဖြစ် ဖွင့်လှစ်လိုက်သည့် အဆိုပါကျောင်းကို အခြေခံပညာအထက်တန်းအဆင့်အဖြစ် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

#TachileikNewsAgency

Photo: Myaung Education Network