ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၉၀၀)ကျော်ရှိသည့် မူးယစ်ဆေးဝါးများကို ကောလင်းမြို့၊ ရွှေဘို - မြစ်ကြီးနားလမ်းပေါ်၊ ကုဣိုကုန်းရွာအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့ ဧပြီလ(၁၂)ရက်နေ့က ရှောင်တခင်စစ်ဆေးနေစဉ် ရွှေဘိုမှ မြစ်ကြီးနားသို့ မောင်းနှင်လာသည့် ယာဉ်မောင်း ဦးဇော်မြင့်ဦး၊ ယာဥ် နောက်လိုက် ဦးဝင်းလွင်ဦးပါ AD-Van ယာဉ်အား စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးများမှာ ဘိန်းဖြူဟုယူဆရသော မူးယစ်ဆေးဝါး(၃၅)ထုပ်၊ ဆေးခွက်ပေါင်း(၃၈၆)ခွက်၊ ဖုန်းနစ်လုံး၊ ငွေကျပ်(၂)သိန်းဝန်းကျင်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရခဲ့သော မူးရစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ပြီး နောင်တွင်လည်း တရားမဝင်လုပ်ငန်းများအား အချိန်မရွေးဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency