ပဲခူးမြို့ရှိ ဗဟိုမဏ္ဍပ်၏ လုံခြုံရေးရဲဂိတ် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်

၂၀၂၂ ပဲခူး ဗဟိုမဏ္ဍပ်
၂၀၂၂ ပဲခူး ဗဟိုမဏ္ဍပ်
ပဲခူးမြို့ရှိ ဗဟိုမဏ္ဍပ်၏ လုံခြုံရေးရဲဂိတ် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ဧပြီ 13, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဗဟိုမဏ္ဍပ်၏ လုံခြုံရေးရဲဂိတ်ကို ယနေ့ ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ ညနေပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် PDF က သတင်းထုတ်ပြန်လာသည်။

၎င်းတိုက်ခိုက်မှုကို ပဲခူးခရိုင် PDF တပ်ရင်း(၁) တပ်ခွဲ(၂) က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးရဲဂိတ်မှ ရဲများ ထိခိုက်ဒဏ်ရာရရှိ ကြောင်းသိရသည်။

ပဲခူးတိုင်း PDF တပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများအား အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့်  ပြည်သူများအနေဖြင့် စစ်ကောင်စီမှပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများတွင်ပါဝင်ခြင်း မပြုကြပါရန် တိုက်တွန်းထားသည်။ 

နေ့လည်ပိုင်းကလည်း ပဲခူးတိုင်း၊ သက္ကလမြို့နှင့် ရန်ကုန်တိုင်း၊ ခရမ်းမြို့ရှိ ဇွဲတွန်စစ်ဆေးရေးဂိတ်ကို ခရမ်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF Khayan)၊ ပဲခူးခရိုင် PDF တပ်ရင်း ၁၊ တပ်ခွဲ ၂ (ကဝ KPDF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သေးသည်။